Abataraori မင်္ဂလာပါ Thanks for Visiting Our Website ................
အခြေခံကယန်းစာပေနှင့်ယဉ်ကျေးမှု သင်တန်း(ဟိုဝမ်အောက်ကျေးရွာ)

အခြေခံကယန်းစာပေနှင့်ယဉ်ကျေးမှု သင်တန်း(ဟိုဝမ်အောက်ကျေးရွာ)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဟိုဝမ်အောက်ကျေးရွာတွင် ကယန်းမျိုးဆက်သစ်လူငယ် KNGY မှ ဦးဆောင်ပြုလုပ်သော အခြေခံကယန်းစာပေနှင့်ယဉ်ကျေးမှု သင်တန်းတစ်ရပ်ကို More »

လယ်ယာမြေဥပဒေဆိုင်ရာ လုပ်ငန်းပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်ချမှတ်ရေးဆွဲခြင်း ဆွေးနွေးပွဲ

လယ်ယာမြေဥပဒေဆိုင်ရာ လုပ်ငန်းပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်ချမှတ်ရေးဆွဲခြင်း ဆွေးနွေးပွဲ

လယ်ယာမြေဥပဒေဆိုင်ရာ လုပ်ငန်းပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်ချမှတ်ရေးဆွဲခြင်း ဆွေးနွေးပွဲ More »

အမှတ်စဉ်(၉) စေတနာ့ဝန်ထမ်း သင်တန်းဆင်းပွဲ

အမှတ်စဉ်(၉) စေတနာ့ဝန်ထမ်း သင်တန်းဆင်းပွဲ

ဖယ်ခုံမြို့ နယ်၊ ဆောင်ကန်းရှမ်းကျေးရွာတွင် မတ်လ(၁၅)ရက်နေ့မှ မေလ(၁၄)ရက်နေ့ထိ KNGYမှ ဦးစီးဖွင့်လှစ်သော အမှတ်စဉ်(၉) စေတနာ့ဝန်ထမ်း ဆရာဖြစ်သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ More »

MTB-MLE ညီလာခံ

MTB-MLE ညီလာခံ

MTB-MLE ညီလာခံ More »

ကယန်းနှစ်သစ်ကူး သ၀ဏ်လွှာ

ကယန်းနှစ်သစ်ကူး သ၀ဏ်လွှာ

ကယန်းနှစ်သစ်ကူး သ၀ဏ်လွှာ More »

 

ကရင်နီပြည်လူငယ်တွေ ဘာပြောသလဲ? (ရုပ်သံဖိုင်-၁)

ကယားပြည်နယ်အစိုးက ငြိမ်းစုစီဖြင့် လူငယ်(၃)ဦးကို တရားစွဲဆိုထားရာမှ အမှုပြန်လည်ရုပ်သိမ်းသည့်အပေါ်နှင့် KNPPရဲဘော်(၃)ဦးအပါအ၀င် အရပ်သား(၁)ဦး သတ်ဖြတ်ခံရသည့်အပေါ် ကရင်နီပြည်လူငယ်များ၏ သဘောထားအမြင်များကို စုစည်းတင်ပြထားပါသည်။

ကယန်းလူမျိုးစုတိုင်းရင်းသားတွေရဲ့ လိုလားချက်

ထွန်းသူအောင်

        ကယန်းတိုင်းရင်းသားတွေဟာ ကမ်းယံလူမျိုးကနေ ဆင်းသက်လာပြီး အနောက်ကရင်နီနယ်အတွင်း တစ်ဆက်တစ်စပ်တည်းရှိတဲ့ နယ်မြေပေါ်မှာ နေထိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။ ၁၈၉၂ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့မှာ နောင်ပုလဲ နယ်မှ ဖရယ်ဖရိုသုရယ် ခေါင်းဆောင်တဲ့ ကယန်းတိုင်းရင်းသားအများစုအပါအဝင် ဒေသခံတိုင်းရင်းသား (၁၀၀၀) ကျော်က လွိုင်ကော်မြို့၊ ဘီလူးချောင်းအရှေ့ဘက်ကမ်းမှာရှိတဲ့ အင်္ဂလိပ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ပဗ္ဗတသိုဟန်ဘွားဘွဲ့ခံ အိုက်သထောင်ခေါင်းဆောင်တဲ့ ကယန်းတိုင်းရင်းသားတွေက သံတောင်မြို့နယ် မြတ်ထင်ရွာမှာရှိတဲ့ အင်္ဂလိပ်တပ်စခန်းကို တိုက်ခိုက်ခဲ့တယ်။ မရှေးမနှောင်းမှာ ပင်ယာဒိုစော်ကဲ ပရိုက်ဖဒူကလဲ စစ်တောင်းမြစ် တစ်လျှောက် နယ်ချဲ့အင်္ဂလိပ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။

အမှန်​တရားအတွက်​ရပ်​တည်​သည့်​ လူငယ်​ (၅) ဦး ​ထောင်​ဒဏ်​ ရက်​ (၂၀) အမိန့်​ချ

ဇန်​နဝါရီလ ၁၂၊ ၂၀၁၈။

ကရင်နီအမျိုးသား တိုးတက်​​ရေးပါတီ (​​​KNPP) ရဲ​ဘော်​ (၃) ဦးနှင့်​ အရပ်​သား (၁) ဦး ​သေဆုံးမှုအ​ပေါ် အမှုမှန်​​ပေါ်​ပေါက်​ရန်​ ဒီဇင်​ဘာလ (၂၂) ရက်​​နေ့တွင်​ လွိုင်​​ကော်​မြို့၌ ဆန္ဒထုတ်​​ဖော်​ ​တောင်းဆိုခဲ့သည့်​ လူငယ်​ (၅) ဦးကို ငြိမ်းစုစီ ပုဒ်​မ (၁၉) ဖြင့်​ တရားစွဲဆိုခဲ့ပြီး ယ​နေ့ လွိုင်​​ကော်​မြို့နယ်​ တရားရုံးက ​ငွေဒဏ်​ (၃၀၀၀၀) ကျပ်​နှင့်​ ​ထောင်​ဒဏ်​ ရက်​ (၂၀) ​ရွေးချယ်​​စေခဲ့ရာ လူငယ်​ (၅) ဦးက ​ထောင်​ဒဏ်​ ရက်​ (၂၀) ကျခံခဲ့သည်​။

တရားစွဲခံထားရသည့်​ လူငယ်​ (၅) ဦးအမှု စစ်​​ဆေးချိန်​ မှတ်​ပုံတင်​ မပါသူအချို့ဝင်​ခွင့်​မရ

ဇန်​နဝါရီ ၈၊ ၂၀၁၈။

KNPP ရဲ​ဘော်​နှင့်​ အရပ်​သား ​သေဆုံးခဲ့သည့်​ ဖြစ်​စဉ်​ အ​ပေါ်

အမှုမှန်​​ပေါ်​ပေါက်​ရန်​ ဆန္ဒထုတ်​​ဖော်​ခဲ့သည့်​အတွက်​ တရားစွဲခံထားရသည့်​ လူငယ်​ (၅) ဦးအား လွိုင်​​ကော်​မြို့နယ်​ တရားရုံး၌ ရုံးထုတ်​စစ်​​ဆေးချိန်​တွင်​ အမှုကြားနားရန်​အတွက်​ မှတ်​ပုံတင်​မပါသည့်​သူများကို တရားရုံးက ဝင်​ခွင့်​မပြုခဲ့​ပေ။

တရားစွဲခံထားရသည့် ကရင်နီပြည်လူငယ် ၅ ဦးအရေး လွိုင်ကော်တွင် ဆန္ဒပြ (ရုပ်သံဖိုင်)

တရားစွဲခံထားရသည့်​ ကရင်​နီပြည်​လူငယ်​ ၅ ဦးအ​ရေး လွိုင်​​ကော်​တွင်​ ဆန္ဒပြ

ဇန်​နဝါရီ ၅၊ ၂၀၁၈။

KNPP ရဲ​ဘော်​ ၃ ဦးနှင့် အရပ်​သား ၁ ဦးကို မြန်​မာ့တပ်​မ​တော်​မှ သတ်​ဖြတ်​ခဲ့သည့်​အ​ပေါ် ရှုတ်​ချ​ကြောင်း ဒီဇင်​ဘာ ၂၂ ရက်​​နေ့က ဆန္ဒထုတ်​​ဖော်​ခဲ့သည့်​ ​ဦး​ဆောင်​သူ လူငယ်​ ၅ ဦးကို အစိုးရက တရားစွဲထားတာ​ကြောင့်​ ကရင်​နီပြည်​သူ လူဦးရေ(၁၀၀၀)ခန့် ဒီက​နေ့ ရှုတ်​ချ​ကြောင်း ဆန္ဒပြခဲ့ကြပါသည်။

 

 

လပတ်အစည်းအဝေး(ဒီဇင်ဘာ)နှင့် Christmas Party

ကယန်းမျိုးဆက်သစ်လူငယ် (KNGY) ၏ ဒီဇင်ဘာလပတ်အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးကို လွိုင်ကော်မြို့၊ ပန်ကန်း၊ ကယန်းမျိုးဆက်သစ်လူငယ်ဗဟိုရုံးတွင် ပြုလုပ်ပြီး ဝန်ထမ်းဦးရေ (၅၃)ဦး တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင်-

  • ယခင်လတွင်ဆုံးဖြတ်ခဲ့သော လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ခြင်း၊
  • မဟာမိတ်ဆက်ဆံရေး အခြေအနေများကို သုံးသပ်ခြင်းနှင့်
  • ရုံးလည်ပတ်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းသုံးသပ်ချက်များကို အဓိကထားဆွေးနွေးခဲ့ပြီး

2756- 2757 ကယန်းနှစ်သစ်ကူးနေ့ကျင်းပခြင်းဆိုင်ရာ ကုန်ကျစရိတ်စာရင်းရှင်းတမ်းချုပ်

၂၇၅၆-၂၇၅၇ ကယန်းနှစ်သစ်ကူးနေ့အထိမ်းအမှတ်ပွဲများ ကယန်းဒေသအတွင်း နေရာပေါင်း ၂၁ နေရာကျင်းပရာ ကယန်းမျိုးဆက်သစ်လူငယ်မှ စည်းရုံးကျင်းပသော (၁၉)နေရာတွင် အောက်ပါအတိုင်း ကုန်ကျခဲ့ပါသည်။ မိမိအစီအစဉ်ဖြင့်ကျင်းပသော ဖယ်ခုံနှင့်မိုးဗြဲပွဲကုန်း(၁) ကုန်ကျစရိတ်မပါဝင်သေးပါ။ နောင်နှစ်တွင် သည့်ထက်မက ပူးပေါင်းကျင်းပလာနိုင်ပြီး ကယန်းအမျိုးသားဝိသေသလက္ခဏာ ပေါ်ထွန်းလာနိုင်ပါစေကြောင်းဆုမွန်ချွေလျက်—-

ဆေးပစ္စည်းများနှင့်တကွ နယ်လှည့်စည်းရုံးခြင်း

ဒီဇင်ဘာ (၂၀)၊ ၂၀၁၇။

ကယန်းဒေသအတွင်း ဖယ်ခုံမြို့နယ်၊ ရီနွဲကျေးရွာအုပ်စု၊ ဇုံ (၁၇) ရှိ နန်းကီ၊ စပလောက်၊ ဒေါလန်း၊ ပူလောင်းရွာဟောင်းနှင့် ပူလောင်းရွာသစ်သို့ ဒီဇင်ဘာလ (၁၅)  မှ (၁၉) ရက်နေ့အထိ ဆေးပစ္စည်းနှင့်တကွ ကယန်းမျိုးဆက်သစ်လူငယ်၏ စည်းရုံးရေးမှူး(၄)ဦးမှ နယ်လှည့်ဆေးကုသည့် စည်းရုံးရေးခရီစဉ်တစ်ရပ် ပြုလုပ်သွားခဲ့ပါသည်။ အဆိုပါ ဇုံ (၁၇) ရှိ ကျေးရွာများသည် လမ်းပန်းဆက်သွယ် ရေးအခက်အခဲနှင့်အတူ စားဝတ်နေရေးကျပ်တည်းခြင်း၊ လူမှုကွန်ယက်ချိတ်ဆက်မှု အားနည်းခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု  အားနည်းသောကြောင့် ယခုခဲ့သို့ နယ်လှည့်ဆေးကုသသည့် စည်းရုံးရေးခရီးစဉ် ပြုလုပ်ရခြင်းဖြစ်သည်။

(၁၈) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ကို မိုးဗြဲတွင် ကျင်းပမည်

နိုဝင်ဘာ (၁၄)၊ ၂၀၁၇။

လာမည့် ၂၀၁၈ ခုနှစ် ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်မည့် (၁၈) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် ကျင်းပပြုလုပ်သွားမည်ဟု သိရှိရပါသည်။ အဆိုပါ ကယန်းအမျိုးသားနေ့ ဖြစ်မြောက်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့တွင် မိုးဗြဲမြို့၊ စည်ကား (၁) ရပ်ကွက်ရှိ လင်္ကာရကျောင်းတိုက်၌ ပြုလုပ်ခဲ့ကြောင်းနှင့် ၄င်းအစည်းအဝေးတွင် (၁၈) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ ပွဲဖြစ်မြောက်ရေးအတွက် နာယက (၁၀) ဦး၊ ပွဲဖြစ်မြောက်ရေးကော်မတီနှင့် ဆပ်ကော်မတီအသီးသီးအား ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။